ချုံချင့်မြို့အခြေစိုက် မြန်မာကောင်စစ်ဝန်ရုံး တရားဝင်ဖွင့်လှစ်

(GMT+08:00)2022-07-14 16:24:03  

ဇူလိုင်လ ၁၂ ရက်နေ့က တရုတ်နိုင်ငံချုံချင့်မြို့အခြေစိုက် မြန်မာကောင်စစ်ဝန်ရုံး ဖွင့်ပွဲ အခမ်းအနားကို ချုံချင့်မြို့တွင် ကျင်းပခဲ့ရာ ချုံချင့်မြို့ဒုတိယမြို့တော်ဝန် Dan Yanzheng ၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ကောင်စစ်ဝန်ရေးရာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် Wei Xiaodong ၊ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးသန့်ဖေ တို့သည် ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး မိန့်ခွန်း ပြောကြား ခဲ့ကြပါသည်။

ချုံချင့်မြို့အခြေစိုက် မြန်မာကောင်စစ်ဝန်ရုံး၏ ကောင်စစ်ဝန်ဇုန်များသည် ချုံချင့်မြို့၊ စီချွမ်ပြည်နယ်နှင့် ဟူပေပြည်နယ်တို့ ပါဝင်ပြီး ကုန်သွယ်ရေး၊ ယဉ်ကျေးမှု၊ ဗီဇာ၊ ကောင်စစ်ဝန်ကာကွယ်ရေး စသည့်ဝန်ဆောင်မှုများ ပေးနိုင်ပါသည်။ ထိုနေ့တွင်ပင် ချုံချင့်မြို့နှင့်မြန်မာနိုင်ငံအကြား ကူးလူးဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူစာချုပ်များ လက်မှတ်ရေးထိုးပွဲနှင့် ဆိုင်းဘုတ်ဖွင့်လှစ်ပွဲအခမ်းအနားကို ကျင်းပခဲ့ပါသည်။ ချုံချင့်မြို့ ယဉ်ကျေးမှုနှင့်ခရီးသွားလာရေး ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ နှင့် မြန်မာနိုင်ငံဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတို့သည် ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာကို လဲလှယ်ပြီး မြန်မာ စင်တင် ဆိုင်းဘုတ်ဖွင့်လှစ်ကာ ချုံချင့်မြို့နှင့် မြန်မာနိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်း ၄ ခုအတွက် သဘောတူစာချုပ်များ လက်မှတ်ရေးထိုးခဲ့ပါသည်။ တစ်ချိန်တည်း တွင် မြန်မာ့ကျောက်မျက်ရတနာပြပွဲနှင့် မြန်မာ့ကုန်စည်ပြပွဲကိုလည်း ဖွင့်လှစ်ခဲ့ပါသည်။