တရုတ်နိုင်ငံချုံချင့်တွင် မြန်မာစင်တာ ဖွင့်လှစ်

(GMT+08:00)2022-07-14 16:25:06  

ဇူလိုင်လ ၁၁ ရက်နေ့က တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးသန့်ဖေ နှင့် အဖွဲ့သည် တရုတ်နိုင်ငံချုံချင့်မြို့ ဘိဆန်ရပ်ကွက်ရှိ မြန်မာစင်တာသို့လာရောက်လည်ပတ် ပြီး ဘိဆန်ရပ်ကွက်မှ အဓိကတာဝန်ရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ 

တရုတ်-မြန်မာနှစ်နိုင်ငံအကြား စီးပွားရေး၊ ယဉ်ကျေးမှု၊ သိပ္ပံနည်းပညာ၊ အနုပညာ ကူးလူးဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကို မြှင့်တင်ရန်အတွက် မြန်မာစင်တာကို ဇူလိုင်လ ၁၂ ရက်နေ့က ဘိဆန်ရပ်ကွက်တွင် တရားဝင်ဖွင့်လှစ်ခဲ့ပါသည်။

မြန်မာစင်တာတွင် မြန်မာနိုင်ငံအကျဉ်းချုပ်၊ သမိုင်းဖြစ်ပျက်ပြောင်းလဲမှု၊ ဒေသခံ ဓလေ့ထုံးစံနှင့် နေထိုင်စားသောက်မှု အလေ့အထစသည်တို့ကို ခင်းကျင်းပြသသည့်အပြင် သစ်သား၊ ကျောက်မျက်ရတနာ၊ ယွန်းထည်၊ အစားအစာနှင့် နေ့စဉ်သုံးပစ္စည်းစသည့် မြန်မာ့ထူးခြားချက်ပါရှိသော ကုန်ပစ္စည်းများကိုလည်း ခင်းကျင်းပြသပါသည်။ မြန်မာ စင်တာသည် တရုတ်ဈေးကွက်တွင် မြန်မာ့ထူးခြားချက်ပါရှိသော ကုန်ပစ္စည်းများကို မိတ်ဆက်၊ တင်သွင်း၊ ဖြန့်ဖြူးသည့်အပြင် အနာဂတ်တွင် နှစ်နိုင်ငံမှလုပ်ငန်းကုမ္ပဏီများအား ကူညီပြီး လုပ်ငန်းချိတ်ဆက်ရန်၊ အတူတကွ ဖွံ့ဖြိုးတိုးတက်ရန် အကောင်အထည် ဖော်မည်ဖြစ်ပါသည်။