မြောက်ကိုရီးယားက ခဒိုနေတယ်စ်ကီနှင့်လူဟန်စ်ကီတို့၏ လွတ်လပ်ရေးကို လက်ခံခြင်းအပေါ် ပြင်းပြင်းထန်ထန် တုံ့ပြန်မည်ဟု ယူကရိန်းသမ္မတ ဇယ်လန်စကီဆို

(GMT+08:00)2022-07-14 12:28:45  

ယူကရိန်းသမ္မတ ဇယ်လန်စကီက ယခုလ ၁၃ ရက်နေ့က နေ့စဉ်ပုံမှန် ဗီဒီယိုမိန့်ခွန်းတွင် မြောက်ကိုရီးယားက ခဒိုနေတယ်စ်ကီနှင့်လူဟန်စ်ကီတို့၏ လွတ်လပ်ရေးကို လက်ခံခြင်းအပေါ် ယူကရိန်းအနေနှင့် အဆင့်အသီးသီးတို့တွင် ပြင်းပြင်းထန်ထန်တုံ့ပြန်မည်ဟု ပြောကြားခဲ့ကြောင်း၊ သို့သော် မည်သည့်အတိအကျလုပ်ဆောင်မှုများကို အသေးစိတ် ရှင်းလင်းပြောကြားခြင်း မရှိကြောင်း သိရပါသည်။