လက်မခံနိုင်ဟုဘိုင်ဒန် ဆို

(GMT+08:00)2022-07-14 16:29:25  

အမေရိကန်သမ္မတဘိုင်ဒန်သည် ဒေသစံတော်ချိန် ယခုလ ၁၃ ရက်က မြင့်မားသည့် ငွေကြေးဖောင်းပွမှု အစီရင်ခံစာအပေါ် မှတ်ချက်ချခဲ့ရာ၌ ယင်းဒေတာများကို လက်မခံ နိုင်ကြောင်း ဖော်ပြသည့်အပြင်၊ ယခုလတွင် ရေနံဈေးနှုန်းကျဆင်းလာပြီး၊ စားသုံးသူ ဈေးနှုန်းညွှန်းကိန်း (CPI) ကိုလည်း လျှော့ချသင့်ကြောင်း ငြင်းခုံခဲ့သည်ဟု China Media Group မှ သတင်းအရသိရသည်။

ဘိုင်ဒန်က ငွေကြေးဖောင်းပွမှုသည် လက်ရှိ အမေရိကန်မှ ရင်ဆိုင်နေရသော အရေးအကြီးဆုံး စီးပွားရေးစိန်ခေါ်မှုဖြစ်ကြောင်း ဖော်ပြသည့်အပြင်၊ ငွေကြေးဖေါင်းပွမှု သည် အမေရိကန်အပေါ် ဖိအားပေးရုံသာမက၊ နိုင်ငံများစွာတို့တွင် ငွေကြေးဖေါင်းပွမှုနှုန်း သည် အမေရိကန်ထက် ပို၍မြင့်မားကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရ သိရသည်။