မြောက်ကိုရီးယားသည် Donetsk နှင့် Luhansk ၏ လွတ်လပ်ရေးကို အသိအမှတ်ပြု

(GMT+08:00)2022-07-14 16:26:51  

ဒေသစံတော်ချိန် ဇူလိုင်လ ၁၃ ရက်နေ့ နံနက်ပိုင်းက ရုရှားနိုင်ငံဆိုင်ရာ မြောက်ကိုရီးယားနိုင်ငံ သံအမတ်ကြီး Sin Hong Chol သည် မြောက်ကိုရီးယားသံရုံး၌ ရုရှားနိုင်ငံဆိုင်ရာ Donetsk ကိုယ်စားလှယ်နှင့် တွေ့ဆုံခဲ့ပြီး ၎င်းထံသို့ မြောက်ကိုရီးယားမှ Donetsk ၏ လွတ်လပ်ရေးကို အသိအမှတ်ပြုသည့် ကြေညာချက်စာတမ်းတစ်ရပ်ကို ပေးအပ်ခဲ့ကြောင်း ရုရှားနိုင်ငံဆိုင်ရာ မြောက်ကိုရီးယားသံရုံးမှ သတင်းကိုကိုးကား၍ Tass သတင်းဌာနက ရေးသားဖော်ပြပါသည်။

ထိုနေ့တွင်ပင် မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနဒုဝန်ကြီးသည် ပြုံယမ်းမြို့၌ မြောက်ကိုရီးယားနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီးနှင့် တွေ့ဆုံခဲ့ပြီး Donetsk နှင့် Luhansk ၏ လွတ်လပ်ရေးကို အသိအမှတ်ပြုသည့် အမှာစာကို ပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။