တောင်ပင်လယ်ဆိုင်ရာ အနုညာတစီရင်ဆုံးဖြတ်ချက်သည် တရားမဝင်ဖြစ်ပြီး အာဏာတည်မှုမရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ထပ်မံပြောကြား

(GMT+08:00)2022-07-14 16:36:54  

ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးနှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတို့သည် တောင်ပင်လယ်ဆိုင်ရာ အနုညာတစီရင်ဆုံးဖြတ်ချက်နှင့်ပတ်သက်ပြီး ကြေညာချက် ထုတ်ပြန်ခြင်းကို တုံ့ပြန်သည့်အနေဖြင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က ယင်းစီရင်ဆုံးဖြတ်ချက်သည် ကုလသမဂ္ဂ ပင်လယ်ရေးရာ ဥပဒေ သဘောတူညီချက် အပါအဝင် နိုင်ငံတကာဥပဒေကို ပြင်းထန်စွာ ချိုးဖောက်ကာ တရားမဝင်ဖြစ်ပြီး အာဏာတည်မှုမရှိကြောင်း၊ တရုတ်နိုင်ငံအနေနှင့် ယင်းဆုံးဖြတ်ချက်ကို လုံးဝ လက်မခံသလို အသိအမှတ်လည်း လုံးဝ မပြုကြောင်း၊ ယင်းဆုံးဖြတ်ချက်ကို အခြေခံသည့် တောင်းဆိုချက်နှင့် လုပ်ဆောင်ချက်များကိုလည်း လုံးဝ လက်မခံကြောင်း၊ ယင်းသည် နိုင်ငံတကာ တရားဥပဒေစိုးမိုးရေးကို လက်တွေ့ ကျင့်သုံးခြင်းပင် ဖြစ်ကြောင်း ဇူလိုင်လ ၁၃ ရက်နေ့က ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်ဟု China Media Group မှ သတင်းရရှိပါသည်။