ကန်သင်္ဘော တရားမဝင် ဝင်ရောက်လာခြင်းကို တရုတ်တောင်ပိုင်းစစ်နယ်မှ ရေတပ်နှင့် လေတပ်များ သတိပေးချက်ဖြင့် မောင်းထုတ်

(GMT+08:00)2022-07-14 16:18:55  

ယခုလ ၁၃ ရက်နေ့တွင် အမေရိကန် ဒုံးကျည်ဖျက်သင်္ဘော ဘိန်ဖို့တယ် သည် တရုတ်အစိုးရ၏ခွင့်ပြုချက်မရှိဘဲ တရုတ်နိုင်ငံ ရှီးဆားရေပိုင်နက်ပင်လယ်အတွင်းသို့ တရားမဝင် ၀င်ရောက်ခဲ့ကြောင်း၊ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် တောင်ပိုင်းစစ်နယ်မှ ရေတပ်နှင့် လေတပ်များသည် ယင်းသင်္ဘောကို လိုက်လံ စောင့်ကြည့်ပြီး သတိပေးချက်ဖြင့် မောင်းထုတ် ခဲ့ကြောင်း တရုတ်တောင်ပိုင်းစစ်နယ်မှ ပြောရေးဆိုခွင့်ရှိသူ လေတပ်ဗိုလ်မှူးကြီးထျန်ကျွင်းလီက ပြောကြားခဲ့သည်။