ကမ္ဘာ့အင်တာနက်ညီလာခံ ထူထောင်ရေးအစည်းအဝေး ကျင်းပ

(GMT+08:00)2022-07-13 14:43:59  

ကမ္ဘာ့အင်တာနက်ညီလာခံ ထူထောင်ရေးအစည်းအဝေးကို ဇူလိုင်လ ၁၂ ရက်နေ့က ပီကင်းမြို့၌ ကျင်းပခဲ့ကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင် အဖွဲ့ အဖွဲ့ဝင်၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီး ဟွမ်ခွင်မင်းသည် အစည်းအဝေးသို့ တက်ရောက်ပြီး ဥက္ကဋ္ဌရှီကျင့်ဖိန်၏ ဂုဏ်ပြုလွှာကို ဖတ်ကြားကာ မိန့်ခွန်းပြောကြားခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ဂုဏ်ပြုလွှာတွင် အင်တာနက်ဖွံ့ဖြိုးတိုးတက်မှု စီမံခန့်ခွဲရေးသည် ယနေ့ခေတ်ကမ္ဘာအတွက် အရေးကြီးအဓိပ္ပါယ်ကို နက်ရှိုင်းစွာ ရှင်းလင်း ဖော်ပြကြောင်း၊ တရုတ်နိုင်ငံသည် ကမ္ဘာ့နိုင်ငံအသီးသီးနှင့်အတူ အင်တာနက်တွင် လက်တွဲ ပူးပေါင်းဆောင်ရွက်လိုသော ဆန္ဒကို ဖော်ပြကြောင်း၊ ဟွမ်ခွင်မင်းက ပြောကြား ပါသည်။

ယခုအကြိမ် အစည်းအဝေးကို အွန်လိုင်း နှင့် အော့ဖ်လိုင်း ပေါင်းစပ်သောနည်းလမ်းဖြင့် ကျင်းပခဲ့ကြောင်း၊ နိုင်ငံနှင့်ဒေသ (၁၈) ခုမှ အဖွဲ့ဝင် ကိုယ်စားလှယ်များ၊ နိုင်ငံတကာအဖွဲ့အစည်း ကိုယ်စားလှယ်များ၊ ပြည်တွင်းပြည်ပ နာမည်ကျော်ပညာရှင်များ၊ တရုတ်အစိုးရသက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများ ၁၅၀ ခန့် တို့သည် အစည်းအဝေးသို့ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။