ရန်ကုန်မြို့တွင် ၁၂ ရက်နေ့က ပေါက်ကွဲမှုများ ဖြစ်ပွား၍ လူ ၇ ဦး ထက်မနည်း ဒဏ်ရာရရှိ

(GMT+08:00)2022-07-13 14:38:06  

ဇူလိုင် ၁၂ ရက်က ရန်ကုန်မြို့တွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး လူ ၇ ဦး ထက်မနည်း ဒဏ်ရာရရှိခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။

ထိုနေ့ ညနေ ၂ နာရီခန့်တွင် ရန်ကုန် လှိုင်သာယာ လမ်းဆုံတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လူ ၂ ဦး ဒဏ်ရာရရှိခဲ့ကာ ၄င်းအနက် ၁ ဦး ဒဏ်ရာ ပြင်းထန်ကြောင်း၊ ညနေ ၃ နာရီခန့်တွင် ရန်ကုန်မြို့ မြေနီခုံးတံတားအောက်၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူ ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ၊ နေ့လယ် ၁၂ နာရီခန့်တွင် ရန်ကုန် တာမွေမြို့နယ် လမ်းမပေါ်တွင် ဗုံးတစ်လုံး တွေ့ရှိခဲ့ကြောင်း သတင်းရရှိပါသည်။

    ထိုနေ့သည်  မြန်မာနိုင်ငံ အရေးပါသော ဘာသာရေးပွဲတော်တစ်ခုဖြစ်ပြီး ပွဲတော်များတွင် ပါဝင်ဆင်နွှဲရန် ပြည်သူ အများအပြား အပြင်ထွက်လာကြသည်။