ဗြိတိန်မှ မြို့ငယ်လေးတစ်ခုတွင် ကလေးများအပေါ်လိင်ပိုင်းဆိုင်ရာစော်ကားမှု၊ အဓမ္မပြုကျင့်မှုများ နှစ်ပေါင်းများစွာ တည်ရှိခဲ့

(GMT+08:00)2022-07-13 14:36:49  

ဒေသစံတော်ချိန် ဇူလိုင်လ ၁၂ ရက်နေ့က ဗြိတိန်နိုင်ငံ တယ်လ်ဖိုးဒ်မြို့ငယ်လေးမှ ကလေးများရေးရာ ပြဿနာ စုံစမ်းစစ်ဆေးရေး အဖွဲ့မှ အစီရင်ခံစာအရ  ၁၉၈၉ ခုနှစ်ကစပြီး ယင်းမြို့ငယ်လေးတွင် ကလေးများအပေါ် လိင်ပိုင်းဆိုင်ရာစော်ကားမှု၊ အဓမ္မပြုကျင့်မှုများ ကျယ်ကျယ်ပြန့်ပြန့် တည်ရှိခဲ့ကြောင်း၊ လွန်ခဲ့သည့်နှစ်ဆယ်ပေါင်းများစွာအတွင်း  တယ်လ်ဖိုးဒ်မြို့ငယ်လေး၌ ကလေးတစ်ထောင်ကျော်သည် ထိခိုက်မှုခံခဲ့ရကြောင်း၊ သို့သော် ဒေသခံအစိုးရသည် ယင်းဖြစ်ရပ်များကို လျစ်လျူရှုခဲ့သည့်အတွက် အခြေအနေသည် အထိန်းအကွပ်မဲ့ ဆိုးဝါးသွားကြောင်း သတင်းအရ သိရပါသည်။