ကောင်းမွန်သောအနာဂတ်ကို အတူဖန်တီးရန် တရုတ်ရှင်းကျန်းသည် ဘက်အသီးသီး တို့နှင့် လက်တွဲကြိုးပမ်းဆောင်ရွက်လို

(GMT+08:00)2022-07-13 14:40:13  

ဇူလိုင်လ ၁၂ ရက်နေ့ ညနေပိုင်းက ၇၇ ကြိမ်မြောက် တရုတ်နိုင်ငံ ရှင်းကျန်းဝေဂါ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ သတင်းစာရှင်းလင်းပွဲကို ပီကင်းမြို့တွင် ကျင်းပခဲ့ပါသည်။ ရှင်းကျန်းဝေဂါ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ ပြည်သူ့အစိုးရမှ ပြောရေးဆိုခွင့်ရှိသူ ရှူကွေ့ရှန့် က ရှင်းကျန်းဒေသသည် အရှေ့တိုင်းနှင့် အနောက်တိုင်းယဉ်ကျေးမှုများအကြား ကူးလူး ဖလှယ်ရန် အရေးကြီးသောလမ်းကြောင်းဖြစ်ပြီး ရှေးခေတ် ပိုးလမ်းမကြီး၏ အရေးကြီးသော အစိတ်အပိုင်းဖြစ်ကာ ပိုးလမ်းမကြီးစီးပွားရေးဇုန်တည်ဆောက်ရန် သော့ချက်ကျသော ဒေသဖြစ်၍ တရုတ်နိုင်ငံမှအနောက်ဖက်သို့ တံခါးဖွင့်ရန် ရှေ့တန်းနေရာဖြစ်ကြောင်း၊ ယခုနှစ် ဇူလိုင်လ ၄ ရက်နေ့မှ ၉ ရက်နေ့အထိ တရုတ်နိုင်ငံရှိ တူရကီ၊ နယူးဇီလန်၊ ပြင်သစ်၊ ရုရှား နှင့် မလေးရှားအပါအဝင် နိုင်ငံ ၁၃ နိုင်ငံ၏ စက်မှုကုန်သွယ်ရေးလောကမှ ကိုယ်စားလှယ်များသည် ရှင်းကျန်းဒေသသို့ လာရောက်ကြည့်ရှုခဲ့ရာ ရှင်းကျန်းစက်မှု ကုန်သွယ်ရေးလောကမှ ပုဂ္ဂိုလ်များနှင့် ကျယ်ပြန့်စွာကူးလူးဖလှယ်ပြီး အောင်မြင်မှုများ ရရှိခဲ့ကြောင်း၊ မိမိတို့သည် ကောင်းမွန်သောအနာဂတ်ကို အတူ ဖန်တီးရန် ဘက်အသီးသီးတို့နှင့် လက်တွဲကြိုးပမ်းဆောင်ရွက်လိုကြောင်း ပြောကြားခဲ့ပါသည်။