အာဖဂန်Uruzgan ပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူ ၂၆ ဦး သေဆုံး

(GMT+08:00)2022-07-13 14:34:39  

ဇူလိုင်လ ၁၂ ရက် Afghan Dawn TV မှ ထုတ်ပြန်သည့်သတင်းအရ အာဖဂန် တောင်ပိုင်း Uruzgan ပြည်နယ် ဒေသအချို့တွင် ရက်ပေါင်းများစွာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူ ၂၆ ဦး သေဆုံးခဲ့ကြောင်း၊ ယင်းဒေသများတွင် ရေကြီးမှု ဖြစ်ပွားခဲ့ပြီး အိမ်ခြေဒါဇင်များစွာ ပျက်စီးကာ လယ်မြေများ ဆိုးရွားစွာပျက်စီးခဲ့ကြောင်း သိရ ပါသည်။

လွန်ခဲ့သည့် သီတင်းပတ်အတွင်း အာဖဂန်နိုင်ငံ Paktia၊ Parwan၊ Zabul စသည့် ပြည်နယ်များတွင် မိုးသည်းထန်စွာရွာသွန်းခဲ့သောကြောင့် လူပေါင်းဒါဇင်နှင့်ချီ သေဆုံးခဲ့ကြောင်း China Media Group မှ သတင်းရရှိပါသည်။