အမေရိကန်၏အကြီးဆုံးရန်သူသည် အမေရိကန်သာဖြစ်သည်ဟု ကန်မီဒီယာဆို

(GMT+08:00)2022-07-13 14:44:51  

အမေရိကန်၏ အကြီးဆုံးရန်သူသည် အမေရိကန်သာဖြစ်ပြီး အမေရိကန်၏ ကိုယ်ကျိုးဖက်မှုနှင့် တစ်ကိုယ်ကောင်းဆန်မှုများသည် တိုင်းပြည်ကိုဖျက်ဆီးနေကြောင်း အမေရိကန် "Columbus Telegraph" သည် ဒေသစံတော်ချိန် ယခုလ ၁၁ ရက်နေ့က ဆောင်းပါးတွင် ရေးသားထားပါသည်။

အမေရိကန်ပြည်သူများသည် ကျွမ်းကျင်ပညာရှင်များကို ယုံကြည်မှုမရှိသကဲ့သို့ အစိုးရကလည်း ပြည်သူများကို ယုံကြည်မှုမရှိကြောင်း၊ ဥပဒေပြုသူများသည် ရှေ့တန်းရောက်ဝန်ထမ်းများကို မယုံကြည်ကြကြောင်း၊ ၎င်းသည် သေနတ်ထိန်းချုပ်မှု၊ ကိုယ်ဝန်ဖျက်ချမှု အခွင့်အရေးနှင့် ရာသီဥတုပြောင်းလဲမှု စသည့်ပြဿနာများ၌ ပြသထားကြောင်း၊ ယင်းသည် အမေရိကန်ပြည်တွင်း လူမှုရေးပြဿနာများ ဖြေရှင်းနိုင်စွမ်းကို လျော့နည်းစေပြီး လူအများနှင့်အဖွဲ့အစည်းများကို အမျိုးမျိုးသော လှုံ့ဆော်မှုများ အလွယ် တကူ ခံရပြီး အငြင်းပွါးမှုများကို ပိုမိုပြင်းထန်လာစေကြောင်း ရေးသားထားသည်။