ယခုနှစ် ပထမနှစ်ဝက်ပိုင်းတွင် တရုတ်ပြည် လေကြောင်းမှတစ်ဆင့် သယ်ယူ ပို့ဆောင်မှုပမာဏမှာ တန်ကီလိုမီတာ ၂၉့၃၄ ဘီလီယံရှိပြီး ၂၀၁၉ ခုနှစ် အလားတူ အချိန်ပိုင်း၏ ၄၆့၇ ရာခိုင်နှုန်း ဖြစ်ကြောင်း၊ ခရီးသည်ဦးရေ ၁၁၈ သန်း ပို့ဆောင်ပြီး ၂၀၁၉ ခုနှစ် အလားတူ အချိန်ပိုင်း၏ ၃၆့၇ ရာခိုင်နှုန်း ဖြစ်ကြောင်း၊ လေကြောင်းပျံသန်းမှု နာရီ ၅ သိန်း ၈ သောင်း ၄ထောင် ရှိပြီး ၂၀၁၉ ခုနှစ် အလားတူ အချိန်ပိုင်းကထက် ၂၀ ရာခိုင်နှုန်း တိုးများလာကြောင်း လေကြောင်း လုံခြုံရေးရုံးမှ ဒုညွှန်ကြားရေးမှူး ဦးရှိကျယ်က ၁၂ ရက်နေ့က ပြောကြားခဲ့ သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။
ယခုနှစ် ပထမနှစ်ဝက်ပိုင်းတွင် တရုတ်ပြည် လေယာဉ်စီးသူဦးရေ ၁၁၈ သန်းရှိ
(GMT+08:00)2022-07-13 14:42:42