သီရိလင်္ကာသမ္မတ နိုင်ငံမှ ထွက်ခွာပြီ

(GMT+08:00)2022-07-13 14:37:33  

BBC မှ ထုတ်ပြန်ချက်အရ ဇူလိုင်လ ၁၃ ရက်နေ့ မိုးလင်းချိန်တွင် သီရိလင်္ကာ သမ္မတ Gotabhaya Rajapaksa သည် စစ်လေယာဉ်ဖြင့် နိုင်ငံမှ ထွက်ခွာပြီဖြစ်ကြောင်း၊ AFP မှ ထုတ်ပြန်ချက်အရ Gotabhaya Rajapaksa သည် မော်လဒိုက်သို့ ရောက်ရှိပြီဖြစ်ကြောင်း သိရပါသည်။

ယင်းမတိုင်မီက Gotabhaya Rajapaksa သည် ဇူလိုင်လ ၁၃ ရက်နေ့တွင် ရာထူးမှ နုတ်ထွက်မည်ဟု ကတိပြုပြီး ရာထူးမှ နုတ်ထွက်ရန် လက်မှတ်ရေးထိုးပြီဖြစ်ကြောင်း၊ ထို့အပြင် သမ္မတ၏ ညီ ဘဏ္ဍာရေးဝန်ကြီး Bashir Rajapaksa သည်လည်း နိုင်ငံမှ ထွက်ခွာ၍ အမေရိကန်သို့ သွားရောက်ပြီဖြစ်ကြောင်း သတင်းအရ သိရပါသည်။