ရှီကျင့်ဖိန်၏ သံတမန်ရေးရာ မိန့်ခွန်းပေါင်းချုပ် အတွဲ ၁ နှင့် အတွဲ ၂ အင်္ဂလိပ် ဗားရှင်းများ ထုတ်ဝေဖြန့်ချိ

(GMT+08:00)2022-07-13 14:38:49  

တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီပါတီသမိုင်းနှင့် မော်ကွန်းဝင်စာတမ်းများ သုတေသနဌာနမှ ဘာသာ ပြန်ဆိုထားသည့် ရှီကျင့်ဖိန်၏ သံတမန် ရေးရာ မိန့်ခွန်းပေါင်းချုပ် အတွဲ ၁ နှင့် အတွဲ ၂ အင်္ဂလိပ် ဗားရှင်းများကို မကြာမီက ထုတ်ဝေဖြန့်ချိခဲ့သည်ဟု China Media Group မှ သတင်းအရ သိရသည်။

ရှီကျင့်ဖိန်၏ သံတမန်ရေးရာ မိန့်ခွန်းပေါင်းချုပ် ပထမနှင့် ဒုတိယအတွဲတွင် ရှီကျင့်ဖိန်၏ အရေးကြီး စာမူ ၁၃၆ စောင် ပါဝင်သည်။ ဤစာအုပ်၏ အင်္ဂလိပ်ဗားရှင်းများ ထုတ်ဝေဖြန့်ချိခြင်းသည် ပြည်တွင်းပြည်ပစာဖတ်သူများအား ရှီကျင့်ဖိန်၏ သံတမန်ရေးရာ အတွေးအခေါ်၏ ကြွယ်ဝသောအဓိပ္ပါယ်ကို နက်နဲစွာ နားလည်သဘောပေါက်စေရန်၊ လူသား ကံကြမ္မာတူအသိုက်အဝန်းတည်ဆောက်ရေး အရေးကြီး အယူအဆများကို နက်နဲစွာ သိရှိနားလည်ရန်အတွက် အလွန်အရေးကြီးသည့် အဓိပ္ပါယ် ပါရှိပါသည်။