ကမ္ဘာ့လူဦးရေသည် သန်းပေါင်း ၈၀၀၀ ထိ ရှိလာမည်ဟု ကုလသမဂ္ဂဆို

(GMT+08:00)2022-07-12 18:04:32  

ဇူလိုင်လ ၁၁ ရက်နေ့သည် ကမ္ဘာ့လူဦးရေနေ့ဖြစ်သည်။ ယခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ကမ္ဘာ့လူဦးရေသည် သန်းပေါင်း ၈၀၀၀ ထိရှိလာမည်ဟု ကုလသမဂ္ဂက ဖေါ်ပြခဲ့ကြောင်း၊ အစီရင်ခံစာအရ ၂၀၂၀ ခုနှစ်တွင် ကမ္ဘာ့လူဦးရေတိုးနှုန်းသည် ၁၉၅၀ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ၁ ရာခိုင်နှုန်းအောက်သို့ ကျဆင်းသွားကြောင်း သိရပါသည်။