သီရိလင်္ကာသမ္မတ ရာထူးမှနုတ်ထွက်ရန် တရားဝင်ကြေညာ၊ လွှတ်တော်သည် ၂၀ ရက်နေ့တွင် သမ္မတသစ်ကို ရွေးချယ်မည်

(GMT+08:00)2022-07-12 18:03:36  

သီရိလင်္ကာဝန်ကြီးချုပ်ရုံးမှ သတင်းအရ ယခုလ ၁၁ ရက်နေ့ မနက်ပိုင်းက သီရိလင်္ကာသမ္မတဂိုတာဘာယာရာဂျာပက်ဆာသည် သမ္မတရာထူးမှ နုတ်ထွက်ရန် တရားဝင် ကြေညာခြင်းကို ဝန်ကြီးချုပ်ထံ အကြောင်းကြားခဲ့ကြောင်း၊ ဒေသခံမီဒီယာများမှ သတင်းအရ သီရိလင်္ကာ ပါတီအသီးသီးတို့၏ ခေါင်းဆောင်များသည် ပါလီမန်အစည်းအဝေးကို ဇူလိုင် ၁၅ ရက်နေ့တွင် ကျင်းပရန် သဘောတူညီမှုရရှိခဲ့ကြောင်း၊ ပါတီအသီးသီးတို့၏ ခေါင်းဆောင်များသည် ဇူလိုင် ၁၉ ရက်နေ့တွင် အမည်စာရင်းတင်သွင်းမည်ဖြစ်ပြီး သမ္မတသစ်ရွေးချယ်ရန် ၂၀ ရက်နေ့တွင် မဲပေးမည်ဖြစ်ကြောင်း သိရပါသည်။