ဖလော်ရီဒါတွင် ရေအောက်ဂီတပွဲတော်ကျင်းပ

(GMT+08:00)2022-07-12 17:54:53  

ယခုလ ၉ ရက်နေ့က အမေရိကန်နိုင်ငံဖလော်ရီဒါပြည်နယ်ရှိ အဏ္ဏဝါ ထိန်းသိမ်း ကာကွယ်ရေးဇုန်တွင် တမူထူးခြားသော ရေအောက်ဂီတပွဲတော်တစ်ရပ်ကို ကျင်းပခဲ့သည်။ ပရိသတ်များသည် ရေငုပ် သို့မဟုတ် snorkeling ရေအောက်အသက်ရှုပိုက် ကိရိယာများကို ဝတ်ဆင်ထားပြီး ပင်လယ်ထဲသို့ ငုပ်ဆင်းပြီး ရေအောက်တွင် တေးဂီတ များကို နားဆင်ကြသည်။ ၄င်းတေးဂီတပွဲကို နှစ်စဉ် တစ်ကြိမ် ကျင်းပလေ့ရှိပြီး၊ ယခုနှစ် သည် ၃၈ ကြိမ်မြောက် ဖြစ်သည်ဟု China Media Group မှ သတင်းအရ သိရသည်။