Dynamic Zero-Covid Policy သည် တရုတ်နိုင်ငံ၏ စီးပွားရေးအင်အားကို ကျဆင်းစေခြင်းမဟုတ်ဘဲ စင်စစ်အားဖြင့် တရုတ်နိုင်ငံ၏ စီးပွားရေးသြဇာလွှမ်းမိုးမှု အားကောင်းလာနေကြောင်း ဂျပန် Nikkei Asian မဂ္ဂဇင်းဝက်ဘဆိုက်တွင် မကြာမီက ရေးသားဖော်ပြခဲ့ပါသည်။
လွန်ခဲ့သည့် ၃ နှစ်အတွင်းတွင် ဂျပန်နိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်သော တရုတ်နိုင်ငံ ကုန်စည်ဈေးကွက်၏ အရေးကြီးပုံမှာ အဆင့်သစ်သို့ တိုးမြှင့်ရောက်ရှိလာခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၁ ခုနှစ်တွင် အရှေ့အာရှနှင့် အရှေ့တောင်အာရှနိုင်ငံများမှ တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချမှုပမာဏမှာ အဆိုပါနိုင်ငံများမှ ပို့ကုန်စုစုပေါင်းပမာဏ၏ ၂၇ ရာခိုင်နှုန်း ပါဝင်ခဲ့ကြောင်း၊ တစ်ချိန်တည်းတွင် တရုတ်နိုင်ငံသည် ဂျပန်နိုင်ငံကိုအစားထိုးပြီး ဒေသတွင်း အရေးအကြီးဆုံးသော ရင်းနှီးမြှုပ်နှံရေးငွေရင်းထုတ်ပေးသော နိုင်ငံလည်း ဖြစ်လာခဲ့ကြောင်း၊ လွန်ခဲ့သည့် ၂ နှစ်အတွင်းတွင် တရုတ်နိုင်ငံ၏ နိုင်ငံခြားသို့ တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ဘီလီယံ ၃၀၀ ခန့်ရှိကြောင်း ဂျပန် Nikkei Asian မဂ္ဂဇင်းဝက်ဘဆိုက်တွင် ရေးသားဖော်ပြခဲ့ပါသည်။