ကယ်လီဖိုးနီးယားတွင် ဓားပြတိုက်ပစ်ခတ်မှုများဖြစ်ပွား၊ လူ ၂ ဦး သေဆုံး ၃ ဦး ဒဏ်ရာရရှိ

(GMT+08:00)2022-07-12 18:08:22  

     

     အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်းရှိ ကုန်စုံဆိုင် ၄ ဆိုင်တွင် ၁၁ ရက် လင်းအားကြီးအချိန်က ဓားပြတိုက်ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး လူ ၂ ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

    လက်ရှိအချိန်တွင် အဆိုပါ ပစ်ခတ်မှု ၄ ခုထဲတွင် ၃ ခုသည်  တူညီသည့် သေနတ်သမားနှင့် ပတ်သက်မှုရှိသည်ဟု ရဲတို့ ယူဆကြောင်း သတင်းရရှိပါသည်။