ယူကရိန်းနေထိုင်သူများအားလုံးသည် ရိုးရှင်းလွယ်ကူသောအစီအစဉ်ဖြင့် ရုရှားနိုင်ငံသားဖြစ်နိုင်ရန် ပူတင် အမိန့်ချ

(GMT+08:00)2022-07-12 18:02:28  

ဇူလိုင်လ ၁၁ ရက်နေ့က ရုရှားသမ္မတပူတင်သည် သမ္မတအမိန့်ချပြီး ယူကရိန်းနိုင်ငံမှ နေထိုင်သူများအားလုံးသည် ရိုးရှင်းလွယ်ကူသောအစီအစဉ်ဖြင့် ရုရှားနိုင်ငံသား ဖြစ်နိုင်ရန် သတ်မှတ်ထားကြောင်း၊ ထိုမတိုင်ခင် ရုရှားနိုင်ငံသား ဖြစ်ရန် ရိုးရှင်းလွယ်ကူသော အစီအစဉ်တွင် Donetsk၊ Luhansk၊ Kherson နှင့် Zaporozhye Oblasts စသည့် ပြည်နယ်များမှ နေထိုင်သူများသာပါဝင်ကြောင်း သတင်းအရ သိရပါသည်။