နွေရာသီရေခဲမုန့်များ

(GMT+08:00)2022-07-12 18:15:37  

ပူပြင်းသောနွေရာသီသည် တရုတ် ရေခဲမုန့်ဈေးကွက်အတွက် အရောင်းရဆုံး ရာသီ ဖြစ်သည်။ တရုတ်နိုင်ငံ ကွေ့ကျိုး ပြည်နယ်ရှိ အဆင့်မြင့် အရက်ထုတ်လုပ်သည့် အရက်ယမကာပါသော ရေခဲမုန့်ကို စတင်ရောင်းချခဲ့ပြီး ခုနစ်နာရီအတွင်း ဒေါ်လာ ၃ သောင်းခန့် ရောင်းချခဲ့ရသည်။ ၂၀၂၁ ခုနှစ်တွင် တရုတ်နိုင်ငံ၏ ရေခဲမုန့်လုပ်ငန်း ဈေးကွက်အတိုင်းအတာသည် ခန့်မှန်းခြေအားဖြင့် အမေရိကန်ဒေါ်လာ ၂၃.၉ ဘီလီယံကျော် ရှိသည်ဖြစ်ပြီး ဈေးကွက် အတိုင်းအတာအရ ကမ္ဘာ့ ပထမပင် ဖြစ်ပါသည်။