Webb အာကာသကြည့်မှန်ပြောင်းဖြင့် ရိုက်ကူးသော ပထမဆုံး ရောင်စုံဓါတ်ပုံကို ထုတ်ပြန်

(GMT+08:00)2022-07-12 18:07:28  

အမေရိကန်သမ္မတ ဘိုင်ဒန်သည် ဇူလိုင်လ ၁၁ ရက်က Webb အာကာသကြည့် မှန်ပြောင်းဖြင့် ရိုက်ကူးသော ပထမဆုံး ရောင်စုံဓာတ်ပုံကို ဆိုရှယ်မီဒီယာမှတစ်ဆင့် ထုတ်ပြန်ခဲ့သည်။ ကျန်ရှိသော high-resolution ရောင်စုံရုပ်ပုံများကို ၁၂ ရက်နေ့တွင် ထုတ်ပြန်မည်ဟုChina Media Group မှ သတင်းအရ သိရပါသည်။

ဒေါ်လာ ၁၀ ဘီလီယံ ဖြင့် ဆောက်လုပ်ထားသော Webb အာကာသကြည့်မှန်ပြောင်းသည် NASA မှ တည်ဆောက်ခဲ့သော အကြီးဆုံးနှင့် အစွမ်းထက်ဆုံးသော အာကာသကြည့် မှန်ပြောင်းဖြစ်ပါသည်။