ဝမ်ယိ G20 နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ခြင်း နှင့်ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန မိတ်ဆက်

(GMT+08:00)2022-07-12 18:09:18  

မကြာခင်က တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ဘာလီကျွန်းတွင် G20 နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ပြီး စစ်မှန်သော နိုင်ငံစုံဝါဒကိုစွဲကိုင်ကျင့်သုံးရန် လှုံ့ဆော်တိုက်တွန်းကာ နိုင်ငံတကာ စားနပ်ရိက္ခာ လုံခြုံဖူလုံရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ တရုတ်နိုင်ငံ၏ အဆိုပြုချက်ကို တင်ပြခဲ့ပါသည်။ ယင်းနှင့်ပတ်သက်သည့် သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြားရာတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် နိုင်ငံစုံဝါဒ အားသစ်လောင်းပေးရေးနှင့် စားနပ်ရိက္ခာနှင့် စွမ်းအင်လုံခြုံရေး အပါအဝင် ဆွေးနွေးပွဲ ၂ ခု ပါဝင်ကြောင်း၊  ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးသည် ကြီးမားသည့် စိန်ခေါ်မှု များကို ရင်ဆိုင်နေရချိန်တွင် စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု မူရင်းစိတ်ကို ပြန်လည်အသက်သွင်းပြီး စစ်မှန်သော နိုင်ငံစုံဝါဒကို စွဲကိုင်ရမည်ဟု တရုတ် နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပြောကြားခဲ့ကြောင်း ဇူလိုင်လ ၁၁ ရက်နေ့က ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။