“တံခါးဖွင့်လိုက်တာနဲ့ ဗီယက်နမ်ရောက်ပြီ၊ ခြေလှမ်းနှစ်လှမ်း လျှောက်လိုက်တာနဲ့ အာဆီယံကို ဝင်ရောက်နိုင်တယ်” - ကွမ်ရှီး ချုံးကျို

(GMT+08:00)2022-07-12 18:13:04  

ချုံးကျိုမြို့ (Chongzuo) ဟာ ကွမ်ရှီးရဲ့ နယ်စပ်ဂိတ် အများဆုံးမြို့ ဖြစ်ပါတယ်။ “တံခါးဖွင့်လိုက်တာနဲ့ ဗီယက်နမ်ရောက်ပြီ၊ ခြေလှမ်းနှစ်လှမ်း လျှောက်လိုက်တာနဲ့ အာဆီယံကို ဝင်ရောက်နိုင်တယ်” ၊ဒါဟာ ကွမ်ရှီး ချုံးကျိုမြို့ရဲ့ တစ်မူထူးခြားတဲ့ တည်နေရာ အားသာချက် ဖြစ်ပါတယ်။ ဒီနှစ်ပိုင်းတွေမှာ ချုံးကျိုမြို့က နယ်စပ်ဂိတ် အခြေခံ အဆောက်အအုံတည်ဆောက်ရေးကို အင်တိုက်အားတိုက် တိုးမြှင့်ဆောင်ရွက်ခဲ့ပြီး အီလက်ထရောနစ် အစိတ်အပိုင်းများ၊ စက်ယန္တရားများ၊ အထည်အလိပ်ထုတ်ကုန်များ စတဲ့ ကုန်ပစ္စည်းတွေကို ဒီနေရာကနေတစ်ဆင့် ဗီယက်နမ်ကို ပို့ဆောင်ပါတယ်။ တစ်ချိန်တည်း မှာပဲ အာဆီယံနိုင်ငံတွေက သစ်သီးအများအပြား ဒီဂိတ်ပေါက်ကနေတစ်ဆင့် နှစ်စဉ် တရုတ်နိုင်ငံကို ဝင်ရောက်လာပါတယ်။ ယနေ့ ချုံးကျိုဟာ တရုတ်နိုင်ငံက အာဆီယံ နိုင်ငံတွေကို ဦးတည်တဲ့ တံခါးဖွင့် ပူးပေါင်းဆောင်ရွက်မှုရဲ့ ရှေ့တန်း ဖြစ်လာပါတယ်။