သီရိလင်္ကာပြည်တွင်းအခြေအနေကို တရုတ်ပြည်က လွန်စွာအလေးထား

(GMT+08:00)2022-07-12 17:50:01  


    

သီရိလင်္ကာနိုင်ငံတွင် ပြည်သူ့ဆန္ဒပြပွဲ အတိုင်းအတာကြီးမားစွာ ဖြစ်ပွားခဲ့ပြီးနောက် သမ္မတသည် ရာထူးမှ နုတ်ထွက်ခြင်းကို ကြေညာခဲ့ပါသည်။ ယင်းနှင့်ပတ်သက်၍ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က တရုတ်ပြည်အနေနှင့် သီရိလင်္ကာနိုင်ငံ၏ ပြည်တွင်းအခြေအနေကို လွန်စွာ အလေးထားကြောင်း၊ သီရိလင်္ကာ၏ အိမ်နီးချင်းကောင်းနှင့် ပူးပေါင်းဆောင်ရွက်ရေးမိတ်ဖက်အနေနှင့် တရုတ်ပြည်က သီရိလင်္ကာ အလွှာပေါင်းစုံတို့က တိုင်းပြည်နှင့် ပြည်သူများ၏ အရင်းခံအကျိုးစီးပွားကို အခြေခံပြီး စည်းလုံးညီညွတ်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အခက်အခဲများကို အတူ ကျော်လွှားကာ လူမှု တည်ငြိမ်မှု၊ စီးပွားရေးနာလန်ပြန်ထူလာမှုနှင့် လူမှုနေထိုင်မှု ဘဝများကောင်းမွန်လာစေရေးကို အမြန်ဆုံး အကောင်အထည်ဖော်ဆောင်နိုင်ရန် မျှော်လင့်ကြောင်း ယမန်နေ့ ၁၁ ရက်နေ့က ကျင်းပခဲ့သော ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။