ဘိုင်ဒန် အမေရိကန်ကို “ဦးဆောင်ခြင်း” သည် ကျဆင်းခြင်းဟု ဗြိတိန်မီဒီယာက ဖော်ပြ

(GMT+08:00)2022-07-12 18:14:42  

ဗြိတိန် “The Daily Telegraph” ဝက်ဘ်ဆိုဒ်က ဇွန်လ ၁၉ ရက်နေ့တွင် “ဘိုင်ဒန်ကာလသည် အနောက်နိုင်ငံများနှင့် လွတ်လပ်သောလောကအတွက် ဘေးဒုက္ခ တစ်ခု ဖြစ်သည်” ခေါင်းစဉ်ဖြင့် ဆောင်းပါးတစ်ပုဒ် ဖော်ပြခဲ့သည်။ စာရေးသူမှာ Nile Gardiner ဖြစ်သည်။ ဆောင်းပါးတွင် ယနေ့ကမ္ဘာပေါ်၌ ဝမ်းနည်းဖွယ်အကောင်းဆုံး အခြေအနေသည် အမေရိကန်ကဲ့သို့ စူပါပါဝါနိုင်ငံ၏ အကြီးအကျယ်ကျဆင်းမှု ဖြစ်ကြောင်း၊ အမေရိကန်သမ္မတအနေဖြင့် ဘိုင်ဒန်သည် ဘေးဒုက္ခတစ်ခု ဖြစ်ပြီး ဒီမိုကရက်တစ်ပါတီကပင် သူသည် ဝန်ထုပ်ဝန်ပိုးကြီးတစ်ခုဖြစ်သည်ဟု ယူဆကြောင်း ဖော်ပြထားသည်။