ရှီကျင့်ဖိန်သည် ထိုင်ဝမ် ရေလက်ကြား နှစ်ဖက်ကမ်း လူငယ်များဖိုရမ်ကို တက်ရောက် သော ထိုင်ဝမ်လူငယ်များအား စာပြန်

(GMT+08:00)2022-07-12 18:16:40  

ရှီကျင့်ဖိန်သည် ထိုင်ဝမ် ရေလက်ကြား နှစ်ဖက်ကမ်း လူငယ်များဖိုရမ်ကို တက်ရောက် သော ထိုင်ဝမ်လူငယ်များအား စာပြန်

ဇူလိုင်လ ၁၁ ရက်နေ့တွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်သည် ထိုင်ဝမ် ရေလက်ကြား နှစ်ဖက်ကမ်း လူငယ်များဖိုရမ်ကို တက်ရောက်နေသော ထိုင်ဝမ်လူငယ်များအား စာပြန်ပြီး၊ ရေလက်ကြား နှစ်ဖက်ကမ်းမှ လူငယ်များအား တရုတ် အမျိုးသား၏ မွန်မြတ်သော ရှင်သန်ရေး အိပ်မက် ဖေါ်ဆောင်ရန် အတွက် လက်တွဲ ကြိုးပမ်းဆောင်ရွက်ရန် မှာကြား အားပေးခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။ 

အကြိမ် ၂၀ မြောက် ထိုင်ဝမ် ရေလက်ကြား နှစ်ဖက်ကမ်း လူငယ်များ ဖိုရမ်ကို ဇူလိုင်လ ၁၁ ရက်နေ့မှ ၁၂ ရက်နေ့အထိ ဖူကျန့်ပြည်နယ် ရှမင်မြို့၌ ကျင်းပခဲ့ရာ ဖိုရမ်သို့ တက်ရောက်နေသော ထိုင်ဝမ်လူငယ် ၅၀ တို့သည် ပါတီအထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်အား မကြာမီက စာရေးပေးပို့ပြီး တရုတ် အမျိုးသား ရှင်သန်ရေးနှင့် အမိ နိုင်ငံ တပေါင်းတစည်းတည်းဖြစ်ရေးအတွက် အကျိုးပြု စွမ်းဆောင်လိုသော သန္နိဋ္ဌာန်ကို ဖေါ်ပြ ခဲ့ကြပါသည်။