ဟာလ်ကိုဗှဒေသ၌ ရုရှားနှင့် ယူကရိန်း ပြင်းထန်စွာ တိုက်ခိုက်

(GMT+08:00)2022-07-12 17:51:19  

ရုရှားတပ်ဖွဲ့သည် နေရာအများအပြားတွင် ယူကရိန်း စစ်ရေးပစ်မှတ်များကို ဆက်လက် တိုက်ခိုက်လျက်ရှိသည်ဟု ရုရှားနိုင်ငံတော်ကာကွယ်ရေးဝန်ကြီးဌာနက ၁၁ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။ ယူကရိန်းသမ္မတ ဇလန်စကီက ယူကရိန်း တောင်ပိုင်း ပင်လယ်ကမ်းခြေဒေသများကို ပြန်လည် သိမ်းယူရန် ယူကရိန်း တပ်ဖွဲ့အား ညွှန်ကြားပေးခဲ့ကြောင်း ယူကရိန်း မီဒီယာက ထုတ်ပြန်ကြေညာပါသည်။ ထို့ပြင် ဒွန်ဘတ်စ်ဒေသ၌ ထိုးစစ်ဆင်တိုက်ခိုက်ခြင်းအပြင် နှစ်ဖက်တို့က ဟာလ်ကိုဗှဒေသ တွင်လည်း ပြင်းထန်စွာ တိုက်ခိုက်နေကြသည်ဟု China Media Group မှ သတင်းအရ သိရပါသည်။