Nord Stream အမှတ် ၁ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းသည် နှစ်စဉ် ပြုပြင်ထိန်းသိမ်းမှု စတင်ပြီးနောက် သဘာဝဓာတ်ငွေ့ပို့လွှတ်မှု ယာယီပြတ်တောက်မှုကြောင့် ဂျာမဏီ အလွှာပေါင်းစုံတို့ စိုးရိမ်နေ

(GMT+08:00)2022-07-12 18:00:52  

ရုရှားနိုင်ငံမှ ဥရောပသို့ သဘာဝဓာတ်ငွေ့ ပို့လွှတ်သော ပင်မပိုက်လိုင်း ဖြစ်သော Nord Stream အမှတ် ၁ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း ၁၀ ရက်ကြာ နှစ်စဉ်ပြုပြင်ထိန်းသိမ်းမှုသည် ၁၁ ရက်နေ့မှစတင်ခဲ့ပြီး သဘာဝဓာတ်ငွေ့ ပို့လွှတ်မှု ယာယီ ပြတ်တောက်သွားကြောင်း၊ ဥရောပသမဂ္ဂ၏ ရုရှားအား အကြိမ်ကြိမ် အရေးယူမှုကြောင့် နှစ်ဖက် ဆက်ဆံရေးတင်းမာမှု ဖြစ်လာသည့်အတွက် ရုရှားဘက်၏ ပြုပြင်ထိန်းသိမ်းမှုပြီးစီးပြီးနောက် သဘာဝဓာတ်ငွေ့ ပို့လွှတ်ခြင်းမပြုတော့မည်ကို ဂျာမဏီဘက်က စိုးရိမ်လျက်ရှိကြောင်း သတင်းအရ သိရပါသည်။