အမေရိကန်နိုင်ငံ၏ လေယာဉ်တင် သင်္ဘောပေါ်ရှိ တိုက်လေယာဉ်တစ်စင်း လေပြင်းတိုက်မှုကြောင့် ပင်လယ်ထဲ လွင့်စဉ်ပြုတ်ကျ

(GMT+08:00)2022-07-12 17:48:23  

   


   ဒေသစံတော်ချိန် ယခုလ ၁၀ ရက်နေ့က အမေရိကန် ရေတပ်မှ ကြေညာချက်ကို ထုတ်ပြန်ရာ ဆိုးရွားသော ရာသီဥတု အခြေအနေကြောင့် ၈ ရက်နေ့က အမေရိကန် ရေတပ်မှ F/A-18 STRIKE FIGHTER တိုက်လေယာဉ် တစ်စင်းသည် လေပြင်းတိုက်မှုကြောင့် USS Harry S. Truman CVN-75 လေယာဉ်တင်သင်္ဘော၏ ကုန်းပတ်ပေါ်မှ မြေထဲပင်လယ်ထဲသို့ လွင့်စဉ်ပြုတ်ကျသွားပြီး လူတစ်ဦး ဒဏ်ရာရရှိကြောင်း၊ လက်ရှိအချိန်တွင် ၄င်းအဖြစ်အပျက်ကို စုံစမ်းစစ်ဆေးနေသေးကြောင်း၊ အမေရိကန် စစ်ဘက်သည် ပင်လယ်ထဲမှ ၄င်းလေယာဉ် ဆယ်ယူရေး ကိစ္စကို အကဲဖြတ် သုံးသပ်နေကြောင်း ဖော်ပြသည်။