ပါကစ္စတန် Balochistanပြည်နယ်မှာ မုတ်သုံမိုးရာသီကာလတွင် လူ ၆၂ ဦး သေဆုံး

(GMT+08:00)2022-07-12 17:55:49  

ဒေသစံတော်ချိန် ဇူလိုင်လ ၁၁ ရက်နေ့ ပါကစ္စတန် ဘေးအန္တရာယ် စီမံခန့်ခွဲမှု အေဂျင်စီက ထုတ်ပြန်သည့် အစီရင်ခံစာတွင် Balochistanပြည်နယ်မှာ မုတ်သုံမိုးရာသီကာလတွင် ထိခိုက်မှုကြောင့် လူ ၆၂ ဦး သေဆုံး၊ ၄၈ ဦး ဒဏ်ရာရရှိပြီး၊ တိုက်အိမ် ၂၁၈ အိမ် ပျက်စီး၍ ၄၇၂ အိမ် ထိခိုက်မှုခံရကြောင်း၊ ယခုအချိန်အထိ တံတား ၆ ခုနှင့် ရေကာတာ ၂ ခု ထိခိုက်ပျက်စီးမှုခံရကြောင်း ဖော်ပြသည်ဟု သတင်းအရ သိရပါသည်။