"ဖေဖေ…မြင်လား" သမီးဖြစ်သူသည် ၇၅ နှစ်အရွယ် ဖခင်ကို ပခုံးပေါ်တင်ကာ အလံတင်ခြင်းကို ကြည့်ရှုခံစား

(GMT+08:00)2022-07-12 18:10:18  

မကြာခင်က ထျန်းအန်းမင် ရင်ပြင်ကြီးတွင် သမီးဖြစ်သူ ကျန်းပိုင်ကိုသည် ၎င်း၏ ၇၅ နှစ်အရွယ်ရှိ မွေးစားဖခင်ကို ပခုံးပေါ်တင်ကာ နိုင်ငံတော်အလံတင်အခမ်းအနားကို ကြည့်ရှုပြီး ဖခင်၏ အလံတင်ခြင်းကို ကြည့်ရှုချင်သော ဆန္ဒကို အကောင်အထည်ဖော်ပေးခဲ့ပါသည်။ အဖေနှင့် သမီးတို့သည် တရုတ်နိုင်ငံ ဟိုနန်ပြည်နယ် လို့ရန်မြို့ ယီးချွမ်းခရိုင်မှ လာတာဖြစ်ပါသည်။ ဖခင်ဖြစ်သူ ကျန်းရွှမ်းချီက ကျန်းပိုင်ကို၏ မွေးစားဖခင်ဖြစ်ပါသည်။ ၁၉၉၇ ခုနှစ်တွင် ကျန်းရွှမ်းချီက လမ်းဘေးတွင် နှစ်လသာ အရွယ်ရှိသော ကလေးမလေးကိုတွေ့ရှိခဲ့သည်။ ထိုအချိန်တွင် အသက် ၅၀ အရွယ်ရှိသည့် ကျန်းရွှမ်းချီသည် ယင်းစွန့်ပစ်ခံရသည့် ကလေးငယ်ကို မွေးစားရန်ဆုံးဖြတ်ခဲ့သည်။ ကျန်းရွှမ်းချီက အမှိုက်ကောက်ခြင်းဖြင့် သမီးကို ပြုစု ပျိုးထောင်ခဲ့ပါသည်။ ကြီးပြင်းလာသည့် သမီးဖြစ်သူ ကျန်းပိုင်ကိုက အဖေ၏ ဆန္ဒကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးချင်ပြီး အဖေက သမီးကိုပြုစုပျိုးထောင်ပေး၍ သမီးက အသက်ကြီးလာသည့် အဖေကို စောင့်ရှောက်ပေးမည်ဖြစ်ကြောင်း ပြောပါသည်။