ထိုင်ဝမ်ရေလက်ကြားရှိ ပထမဆုံး အကြီးစား ကင်းလှည့်ကယ်ဆယ်ရေးသင်္ဘော "Haixun 06" ကို တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ် ဖျင်ထန်မြို့၌ တရားဝင်စာရင်းသွင်းခဲ့သည်

(GMT+08:00)2022-07-12 18:05:42  

ဇူလိုင် ၁၁ ရက် တရုတ်နိုင်ငံ၏ ၁၈ ခုမြောက် ပင်လယ်ရေကြောင်းသွားလာရေးနေ့တွင် ထိုင်ဝမ်ရေလက်ကြားရှိ ပထမဆုံးအကြီးစား ကင်းလှည့်ကယ်ဆယ်ရေးသင်္ဘော "Haixun 06" ကို ဖူကျန့်ပြည်နယ် ဖျင်ထန်မြို့၌ တရားဝင် စာရင်းသွင်းခဲ့သည်။

ယင်းသင်္ဘောသည် အရှည် ၁၂၈ မီတာ၊ အကျယ် ၁၆ မီတာ၊ အနက် ၇.၉ မီတာ၊ ခံနိုင်ရည်ရေမိုင် ၁၀၀၀၀ ရှိပြီး ရက်ပေါင်း ၆၀ ကြာ ကိုယ့်ကိုယ်ကိုယ် ပံ့ပိုးပေးနိုင်သည်။ သင်္ဘောတွင် ရေဒါစူးစမ်းရှာဖွေခြင်း၊ အသက်ကယ်လှေ၊ ဆေးဝါးကုသခြင်းနှင့် အခြားကိရိယာများတပ်ဆင်ထားသည့် ရဟတ်ယာဉ် ဂိုဒေါင် တစ်ခုလည်း ပါရှိသည်။ ၎င်းသည် ပင်လယ်ပြင်တွင် ဒုက္ခရောက်သည့် သင်္ဘောများ၊ ရေနစ်မြုပ်သူများကို ရှာဖွေကယ်ဆယ်နိုင်ကာ တစ်ချိန်တည်းတွင် ဒုက္ခရောက်နေသူ ၂၀၀ ဦးကို ကယ်ဆယ်နိုင်သည်ဟု သိရပါသည်။