တရုတ်နိုင်ငံသည် ပြင်းထန်ဆိုးရွားသော ရေလွှမ်းမိုးမှုကြီးများကို အစွမ်းကုန် ခုခံကာကွယ်နေ

(GMT+08:00)2022-07-12 18:12:14  

လက်ရှိမှာ တရုတ်နိုင်ငံ ကျူးကျန်းမြစ်၊ ယန်စီမြစ် မြစ်ဝှမ်းဒေသအချို့မှာ ရေလွှမ်းမိုးမှုကို အစွမ်းကုန် ခုခံကာကွယ်လျက်ရှိပါတယ်။ လက်ရှိဖြစ်ပွားခဲ့တဲ့ မိုးသည်းထန်စွာ ရွာသွန်းမှု အပေါ် ခုခံကာကွယ်မှုအခြေအနေကိုကြည့်ပါက တရုတ်နိုင်ငံက ယခုနှစ်တွေမှာ တည်ဆောက်ခဲ့တဲ့ ဆည်မြောင်းတာတမံအခြေခံအဆောက်အအုံများ၊ အန္တရာယ်ဖယ်ရှားပြီး ခိုင်ခံ့မှုတိုးမြှင့်ထားတဲ့ ရေလှောင်တမံများ၊ တောင်ပေါ်ရေလွှမ်းမိုးမှု ကာကွယ်စီမံရေးစနစ်၊ ကြိုတင်သတိပေးစနစ်နဲ့ သိပ္ပံနည်းကျ ညှိနှိုင်းစီမံဆောင်ရွက်ခြင်း၊ ရေလွှမ်းမိုးမှုအတွက် တာဝန်ယူမှုစနစ် စတဲ့လုပ်ငန်းများနဲ့ အစီအမံများဟာ ရေလွှမ်းမိုးမှုကာကွယ်တားဆီးရေးအတွက် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေခဲ့ပါတယ်။