ထိုင်းဝန်ကြီးချုပ်ပရာရွတ်သည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဘလင်ကင်နှင့်တွေ့ဆုံ

(GMT+08:00)2022-07-11 13:23:20  

ထိုင်းဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီးပရာရွတ်သည် ယခုလ ၁၀ ရက်နေ့ ညနေပိုင်းတွင် အလည်အပတ်ရောက်ရှိနေသော အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်နှင့် တွေ့ဆုံခဲ့ကြောင်း၊ နှစ်ဖက်တို့သည် နှစ်နိုင်ငံစီးပွားကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ရေး၊ ရာသီဥတုပြောင်းလဲရေးနှင့် သန့်ရှင်းသော စွမ်းအင် ဖွံ့ဖြိုး တိုးတက်ရေး၊ လူကုန်ကူးမှုတိုက်ဖျက်ရေး၊ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုနှင့် မြန်မာနိုင်ငံ အခြေအနေ စသဖြင့်နှင့်ပတ်သက်ပြီး အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

၁၀ ရက်နေ့မနက်ပိုင်းတွင် ထိုင်းဒုဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးဒိုဘာမာဝင်းအိုင်သည် ဘလင်ကင်နှင့်တွေ့ဆုံဆွေးနွေးပွဲကျင်းပခဲ့ပြီးနောက် နှစ်ဖက်တို့သည် “ထိုင်း-အမေရိကန် မဟာဗျူဟာ မဟာမိတ်နှင့် မိတ်ဖက်ဆက်ဆံရေးကြေညာစာတမ်း”နှင့် နှစ်နိုင်ငံကြား ကုန်ပစ္စည်းများ ထောက်ပံ့ရေး ကွင်းဆက်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အမှာစာတမ်းကို လက်မှတ် ရေးထိုးခဲ့ကြောင်း သိရပါသည်။