ကန်ရှိ အာဖရိကအနွယ်ဖွားများသည် အသက်အန္တရာယ်အတွက် လေးနက်စွာ စိုးရိမ်နေ

(GMT+08:00)2022-07-11 13:29:00  

ဇွန်လ ၂၇ ရက် လင်းအားကြီးအချိန်တွင် အမေရိကန်နိုင်ငံ အိုဟိုင်းယိုးပြည်နယ် အက်ရွန်မြို့တွင် ရဲများသည် အသက် ၂၅ နှစ်အရွယ်ရှိ အာဖရိကအနွယ်ဖွားGerland Walker ကို ယာဉ်အသွားအလာ စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ သို့သော် Walker သည် ကားကို လမ်းဘေးမှာ မရပ်ဘဲ ထွက်ပြေးခဲ့၍ ရဲ ၈ ဦးက Walker ကို ပစ်သတ်ခဲ့ကာ Walker သည် သေနတ်ပစ်ခတ်မှု ၆၀ ကျော်နဲ့ ပွဲချင်းပြီး သေဆုံးခဲ့သည်။

ရဲများ၏ ယာဉ်အသွားအလာစစ်ဆေးခြင်းကို Walker  ရှောင်လွှဲရန် ကြိုးပမ်းခြင်းနှင့်ပတ်သက်၍ လူမှုလှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်နေသော အာဖရိက အနွယ်ဖွားအမေရိကန်နိုင်ငံသား Kerwin Webb က လူဖြူရဲများက အာဖရိက အနွယ်ဖွားများအပေါ် အကြမ်းဖက် ဥပဒေကျင့်သုံးရန် ကြောက်ရွံ့ ခြင်းပင်ဖြစ်ကြောင်း မီဒီယာအား ပြောကြားခဲ့သည်။