စွမ်းအင်ဈေးနှုန်းမြင့်တက်လာခြင်းသည် ဗြိတိန်နိုင်ငံသား သန်းပေါင်းများစွာကို ဆင်းရဲစေနိုင်မည်ဟု ခန့်မှန်းကြောင်း ဗြိတိန် စွမ်းအင်အတိုင်ပင်ခံကုမ္ပဏီဆို

(GMT+08:00)2022-07-11 10:48:37  

ဇူလိုင်လ ၉ ရက်နေ့တွင် ဗြိတိန်နိုင်ငံ Daily Mail သတင်းစာမှ ဗြိတိန် စွမ်းအင်အတိုင်ပင်ခံကုမ္ပဏီ Cornwall ၏ ခန့်မှန်းချက်အစီရင်ခံစာကို ကိုးကား၍ လာမည့်နှစ် ဇန်နဝါရီလတွင် ဗြိတိန်မိသားစုများ၏ နှစ်စဉ် စွမ်းအင်ငွေစာရင်းသည် လက်ရှိ ၁၉၇၁ ပေါင် မှ ၃၃၆၄ ပေါင်သို့ မြင့်တက်လာမည်ဟုဆိုသည်။ ယင်းသည် ဗြိတိန်တွင် သန်းနှင့်ချီသောလူများကို ဆင်းရဲစေနိုင်သည်ဟု ကျွမ်းကျင်ပညာရှင်များက သတိပေးထားပါသည်။

စွမ်းအင်ဈေးနှုန်းမြင့်တက်လာခြင်းအပြင် ဗြိတိန်၏ ငွေကြေးဖောင်းပွမှုသည် မေလတွင် နှစ် ၄၀ အတွင်း အမြင့်ဆုံး ၉ ဒမ ၁ ရာခိုင်နှုန်းသို့ ရောက်ရှိခဲ့သည်။