အသင်းတစ်သင်း (၃)ဦးစနစ် ဘတ်စကက်ဘော အာရှဖလားဗိုလ်လုပွဲတွင် တရုတ် အမျိုးသမီးအသင်း သြစတြေးလျအသင်းကို နိုင်ပြီး ချန်ပီယံဆု ဆွတ်ခူး

(GMT+08:00)2022-07-11 13:40:01  

ဇူလိုင်လ ၁၀ ရက်နေ့ညက အသင်းတစ်သင်း(၃)ဦးစနစ် ဘတ်စကက်ဘော အာရှဖလားဗိုလ်လုပွဲတွင် တရုတ်အမျိုးသမီးအသင်းနှင့် သြစတြေးလျအသင်းတို့ ယှဉ်ပြိုင် ခဲ့ကြကြောင်း၊ တရုတ်ကစားသမား ကျန်းဇီထင် ပြိုင်ပွဲနောက်ဆုံးပိုင်းတွင် (၃)မှတ် ဆက်တိုက်ရရှိသော သော့ချက်လုပ်ဆောင်ချက်ဖြင့် နောက်ဆုံးတွင်မူ တရုတ်အမျိုးသမီး ဘတ်စကက်ဘောအသင်းသည် ၁၄-၁၀ ဖြင့် ယခုအကြိမ် အာရှဖလား ချန်ပီယံဆု ရရှိခဲ့ကြောင်း၊ ယင်းသည် တရုတ်အမျိုးသမီးဘတ်စကက်ဘောအသင်းသည် အသင်း တစ်သင်း (၃)ဦးစနစ် ဘတ်စကက်ဘောအာရှဖလားကို ပထမဆုံးအကြိမ် ရရှိခြင်းဖြစ်ပြီး အကောင်းဆုံးသမိုင်းရလဒ်ကို ဖန်တီးခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။