တရုတ်-ပါကစ္စတန် စီးပွားရေး စင်္ကြံသည် နယ်ပယ်များစွာမှ ပူးပေါင်းဆောင်ရွက်မှုများကို ဦးဆောင်ပေး

(GMT+08:00)2022-07-11 13:37:46  

၂၀၁၅ ခုနှစ် ဧပြီလ ၂၁ ရက်နေ့က တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ပါကစ္စတန် လွှတ်တော်တွင် “တရုတ်-ပါကစ္စတန် ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ပြီး ပူးပေါင်း ဆောင်ရွက်မှုနှင့် အတူအောင်မြင်မှု ရရှိရေး ဖြစ်စဉ်သစ်ကို ဖွင့်လှစ်” ဟူသော ခေါင်းစဉ်ဖြင့် အရေးကြီး မိန့်ခွန်းပြောကြားရာ၌ တရုတ်-ပါကစ္စတန် ဆက်ဆံမှုကို ထာဝစဉ် မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်ဆက်ဆံမှု အဖြစ်သို့ အဆင့်တိုးမြှင့်ခဲ့သည်။ လွန်ခဲ့သည့် ၇ နှစ် အတွင်း နှစ်နိုင်ငံတို့သည် တရုတ်-ပါကစ္စတန် စီးပွားရေး စင်္ကြံတည်ဆောက်ရေးကို ဦးဆောင်မှုအဖြစ်ထားပြီး နယ်ပယ်များစွာတွင် ဘက်စုံ ပူးပေါင်းဆောင်ရွက်မှုများဖြင့် တရုတ်-ပါကစ္စတန် ထာဝစဉ် မဟာဗျူဟာ ပူးပေါင်း ဆောင်ရွက်ရေး မိတ်ဖက်ဆက်ဆံမှုကို တစ်ဆင့်တိုး ရင်းနှီးအားကောင်းလာစေပြီး နှစ်နိုင်ငံ ကံကြမ္မာတူ အသိုက်အဝန်း၏ အနှစ်သာရကို အဆက်မပြတ် တိုးပွားစေသည်။

မကြာခင်က ပါကစ္စတန် ဝန်ကြီးချုပ် Shahbaz Sharif က China Media Group မှ အင်တာဗျူးကို လက်ခံရာတွင် တရုတ်-ပါကစ္စတန် စီးပွားရေး စင်္ကြံတည်ဆောက်ရေးသည် အပြုသဘောဆောင်သော တိုးတက်မှုနှင့် ထူးချွန်သော အောင်ကျိုးရလဒ်များကို ရရှိပြီး နှစ်နိုင်ငံ၏ အပြန်အလှန် အကျိုးရှိစေရေးနှင့် အတူအောင်မြင်မှု ရရှိရေးကို အကောင်အထည် ဖော်ဆောင်ပေးခဲ့ကြောင်း ပြောကြားသည်။