ရှီကျင့်ဖိန်နှင့် မာတာလေလာတို့သည် “အီတလီ၏ မူလအစ - ရှေးရောမ ယဉ်ကျေးမှုပြပွဲ” ဖွင့်လှစ်ခြင်းအတွက် ဂုဏ်ပြုကြောင်း သဝဏ်လွှာ ပေးပို့

(GMT+08:00)2022-07-11 13:41:04  

ဇူလိုင်လ ၁၀ ရက်နေ့က တရုတ်နိုင်ငံတော်ဥက္ကဋ္ဌရှီကျင့်ဖိန်နှင့် အီတလီသမ္မတ မာတာလေလာတို့သည် “အီတလီ၏ မူလအစ - ရှေးရောမ ယဉ်ကျေးမှုပြပွဲ” ဖွင့်လှစ်ခြင်း အတွက် ဂုဏ်ပြုကြောင်း သဝဏ်လွှာကို အသီးသီးပေးပို့ခဲ့ကြပါသည်။

ရှီကျင့်ဖိန်က တရုတ်နှင့် အီတလီ နှစ်နိုင်ငံတို့သည် အရှေ့နှင့် အနောက် ယဉ်ကျေးမှု၏ ထူးချွန်သော စံနမူနာဖြစ်ကြကြောင်း၊"တရုတ်-အီတလီ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးနှစ်” သည် အခွင့်ကောင်းကို လက်မလွှတ်ဘဲ နှစ်ဖက်အကြား ယဉ်ကျေးမှု ကူးလူးဖလှယ်မှုနှင့် အပြန်အလှန် သင်ယူမှုကို တွန်းအားပေးရန်၊ နှစ်နိုင်ငံပြည်သူများအကြား သိရှိနားလည်မှုကို အားသစ်လောင်းပေးရန်နှင့် တရုတ်-အီတလီ ဆက်ဆံမှုဖွံ့ဖြိုးရေးအတွက် အားသစ်ကို ထည့်သွင်းပေးရန် မျှော်လင့်ကြောင်း ဖော်ပြပါသည်။

  မာတာလေလာက ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်ရေးသည် အီတလီ-တရုတ် ချစ်ကြည်ရေး၏ အရေးပါသော အစိတ်အပိုင်းဖြစ်ကြောင်း၊ အီတလီနှင့် တရုတ်နိုင်ငံတို့ အနေနှင့် နှစ်နိုင်ငံ ဆက်ဆံရေးကို ဆက်လက် နက်ရှိုင်းစေကာ ကမ္ဘာ့ ငြိမ်းချမ်း တည်ငြိမ်ရေးကို ထိန်းသိမ်းစောင့်ရှောက်သွားရန် လက်တွဲကြိုးပမ်းဆောင်ရွက်မည်ဟု ယုံကြည်ပါကြောင်း ဖော်ပြပါသည်။