တူရကီသမ္မတနှင့် အစ္စရေးဝန်ကြီးချုပ် တယ်လီဖုန်းဖြင့် ဆက်သွယ်

(GMT+08:00)2022-07-11 11:04:54  

ဒေသစံတော်ချိန် ဇူလိုင်လ ၁၀ ရက်နေ့က တူရကီသမ္မတ Recep Tayyip Erdogan နှင့် အစ္စရေးဝန်ကြီးချုပ် Yair Lapid တို့သည် တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့ရာ နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ဒေသတွင်းပြဿနာရေးရာများကို ဆွေးနွေးခဲ့ကြပါသည်။

တူရကီသမ္မတရုံး သတင်းပြန်ကြားရေးဌာနမှ ထုတ်ပြန်သောကြေညာချက်တွင် သမ္မတ Recep Tayyip Erdogan အနေဖြင့် Yair Lapid အား အစ္စရေးဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခြင်းကို ဂုဏ်ပြုပြီး နိုဝင်ဘာလ ၁ ရက်နေ့တွင် ကျင်းပမည့် လွှတ်တော် ရွေးကောက်ပွဲမှာ အစ္စရေးပြည်သူများအတွက် အကျိုးရှိရန် မျှော်လင့်သည်။ သမ္မတ Recep Tayyip Erdogan က တူရကီနိုင်ငံအနေဖြင့် အစ္စရေးနိုင်ငံအား လက်ရှိ ကျင့်သုံးနေသော သက်ဆိုင်ရာမူဝါဒများကို ဆက်လက်ကျင့်သုံးရန် မျှော်လင့်ကြောင်း၊ ဥပမာ ဆိုလျှင် ရွေးကောက်ပွဲမကျင်းပမီတွင် အခြေချစခန်းသစ်ကို ခွင့်မပြုခြင်း၊ Aqsa ဗလီကျောင်း၏ လက်ရှိအခြေအနေကို ထိန်းသိမ်းခြင်း စသည်တို့ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ဖော်ပြထားပါသည်။

တူရကီနိုင်ငံဆိုင်ရာ အစ္စရေးသံရုံးမှ ထုတ်ပြန်သောသတင်းတွင် တယ်လီဖုန်းဖြင့် ဆက်သွယ်ရာ၌ ဝန်ကြီးချုပ် Yair Lapid အနေဖြင့် တူရကီနိုင်ငံတွင် အစ္စရေး နိုင်ငံသားများအပေါ် တိုက်ခိုက်မှုကို တားဆီးရန်အတွက် တူရကီနိုင်ငံအား အစ္စရေးနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ခြင်းကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။ နှစ်နိုင်ငံ ခေါင်းဆောင်များက အစ္စရေး-တူရကီဆက်ဆံရေးမှာ အရှေ့အလယ်ပိုင်းဒေသ၏ လုံခြုံရေး၊ တည်ငြိမ်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် အရေးကြီးသောအဓိပ္ပါယ်ရှိကြောင်း အလေးထား ပြောကြားခဲ့ကြသည့်အပြင် မကြာမီက လက်မှတ်ရေးထိုးခဲ့သည့် မြို့ပြလေကြောင်း သဘောတူစာချုပ်သစ်ကိုလည်း တန်ဖိုးထားချီးကျူးပြီး နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုတိုးတက် ကောင်းမွန်လာရန် မျှော်လင့်ခဲ့ကြသည်ဟု ဖော်ပြထားပါသည်။