ယူကရိန်းပို့ကုန်ပိတ်ဆို့မှုသည် စားနပ်ရိက္ခာအကျပ်အတည်းကို ပိုမိုဆိုးရွားစေသည်

(GMT+08:00)2022-07-11 13:24:25  

ရုရှား-ယူကရိန်း ပဋိပက္ခ ဖြစ်ပွားကတည်းက နိုင်ငံတကာစားနပ်ရိက္ခာဈေးနှုန်းများ မြင့်တက်လာပြီး စားနပ်ရိက္ခာတင်သွင်းမှုကို မှီခိုနေရသော နိုင်ငံအချို့မှာ အငတ်ဘေးနှင့် ရင်ဆိုင်နေကြရသည်။ သို့သော် ယူကရိန်းတွင်မူ စားနပ်ရိက္ခာများ တောင်များကဲ့သို့ စုပုံလာပြီး လယ်သမားများသည် စားနပ်ရိက္ခာ တင်ပို့မှုကို အဟန့်အတားဖြစ်စေမည်ကို စိုးရိမ်နေကြသည်။ ယူကရိန်းတွင် စားနပ်ရိက္ခာတန်ချိန် ၂၂ သန်းခန့် ပိတ်ဆို့ခံရသဖြင့် ရိတ်သိမ်းမှုများ ဆက်လက်များပြားလာသည်နှင့်အမျှ ဖိအားများ မြင့်တက်လာနေသည်။ ပုံမှန် အားဖြင့် ယူကရိန်းသည် စားနပ်ရိက္ခာ၏ ၃၀ ရာခိုင်နှုန်းကို ဥရောပသို့ တင်ပို့ပြီး မြောက်အာဖရိကသို့ ၃၀ ရာခိုင်နှုန်းနှင့် အာရှသို့ ၄၀ ရာခိုင်နှုန်းတင်ပို့သည်။ သို့သော် ပင်လယ်နက်ဆိပ်ကမ်းကို ဆက်တိုက် ပိတ်ဆို့ ထားခြင်းကြောင့် စားနပ်ရိက္ခာတန်ချိန် သန်းပေါင်းများစွာသည် ၎င်းတို့၏ ဦးတည်ရာသို့ မရောက်ရှိနိုင်သေးပေ။