စပိန်နိုင်ငံ နွားအပြေးပွဲတော်တွင် နွားရိုင်းတိုက်ပွဲများကို ကျင်းပ

(GMT+08:00)2022-07-11 11:37:04  

ဒေသစံတော်ချိန် ဇူလိုင်လ ၉ ရက်နေ့တွင် စပိန်နိုင်ငံ Pamplona မြို့၌ ကျင်းပသော နွားအပြေးပွဲတော်တွင် နွားတစ်ကောင်သည် နွားရိုင်းတိုက်ပွဲကွင်းသို့ ပြေးဝင်ခဲ့ပါသည်။ ယင်းပွဲတော်ကို “သနားစရာကောင်းတဲ့ငါ” ဟူသောဆောင်ပုဒ်ဖြင့် ဇူလိုင်လ ၆ ရက်နေ့မှစပြီး ၁၄ ရက်နေ့အထိ ကျင်းပမည် ဖြစ်ပြီး နေ့စဉ် နံနက်ပိုင်း ၈ နာရီမှ စတင်ပြီး နွားအပြေးပြိုင်ပွဲ စုစုပေါင်း ၈ပွဲ ရှိပါသည်။ ထို့အပြင် မြို့လွှတ်တော်သည် တေးဂီတပွဲများ၊ လေဟာပြင်အကများ၊ မီးရှူးမီးပန်းများ၊ ပြပွဲများ၊ စာရွတ်ဖတ်ခြင်းများ အပါအဝင် အစီအစဉ်များကိုလည်း စီစဉ်ထားပါသည်။