နိုင်ဂျီးရီးယားတွင် လှေတိမ်းမှောက်မှုကြောင့် လူ ၁၅ ဦးထက်မနည်း သေဆုံး

(GMT+08:00)2022-07-11 14:44:09  

ယခုလ ၁၀ ရက်နေ့က နိုင်ဂျီးရီးယားအရာရှိ၏ ကြေညာချက်အရ နိုင်ဂျီးရီးယား အနောက်တောင်ပိုင်း လာဂိုစ်ပြည်နယ်တွင် လှေတိမ်းမှောက်မှုဖြစ်ပွား၍ လူ ၁၅ ဦး ထက်မနည်း သေဆုံးကြောင်း၊ ပဏာမစုံစမ်းလေ့လာချက်တွင် ယင်းသစ်သားလှေသည် ခရီးသည်တင်ရန် စံချိန်မပြည့်မီရုံသာမက ပြည်နယ်အစိုးရက ခရီးသည်တင် သင်္ဘောများ ညတွင် သွားလာခွင့်မရှိသောအမိန့်ကိုလည်း ဖောက်ဖျက်ခဲ့ကြောင်း သတင်းအရ သိရပါသည်။