ဒေသစံတော်ချိန် ၉ ရက်နေ့ ညနေ ၄ နာရီခန့်တွင် သီရိလင်္ကာဆန္ဒပြသူများသည် မြို့တော် ကိုလံဘိုရှိ ဝန်ကြီးချုပ်ရုံးထဲသို့ ပြေးဝင်ခဲ့ကြသည်။ ယင်းမတိုင်ခင် နာရီအနည်းငယ်တွင် ဆန္ဒပြသူများသည် သမ္မတအိမ်တော်နှင့် သမ္မတရုံးကိုဝင်ရောက်စီးနင်းခဲ့ကြသည်။ လက်ရှိတွင် သီရိလင်္ကာမြို့တော်၏ အခြေအနေ တင်းမာနေဆဲဖြစ်ပြီး အခြားနေရာများမှ ပြည်သူများသည် ကိုလံဘိုသို့ အဆက်မပြတ် ဝင်ရောက်နေကြဆဲဖြစ်သည်။ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့သည် ရေပိုက်နှင့် မျက်ရည်ယိုဗုံးများအသုံးပြုခြင်းကို စွန့်လွှတ်ခဲ့ပြီး နောက်ထပ် ထိခိုက် သေဆုံးမှု မရှိခဲ့ကြောင်း သိရသည်။ သီရိလင်္ကာဝန်ကြီးချုပ် Wickremesinghe က ဝန်ကြီးချုပ်အဖြစ်မှ နုတ်ထွက်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
သီရိလင်္ကာနိုင်ငံတွင် လူထု ဆန္ဒပြပွဲများ ဖြစ်ပွားနေပြီး ဝန်ကြီးချုပ်က ရာထူးမှ နုတ်ထွက်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်
(GMT+08:00)2022-07-10 15:59:14