ရှင်ဇိုအာဘေးအား ပစ်သတ်သည်ဟု သံသယရှိသူ၏ ကားထဲတွင် စမ်းသပ်ပစ်ခတ်ရန် အတွက် အသုံးပြုသော သစ်ပြားများကို တွေ့ရှိ

(GMT+08:00)2022-07-10 16:23:22  


    ဂျပန်နိုင်ငံ ယိုမျူရီ ရှင်မွန်းသတင်းစာမှ ဇူလိုင်လ ၁၀ ရက်နေ့က သတင်းအရ ဂျပန် ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးအား ပစ်သတ်သည်ဟု သံသယရှိသူ အသက် ၄၁ နှစ်အရွယ်က ၎င်းသည် ကိုယ်တိုင် ထုတ်လုပ်သော သေနတ်ဖြင့် စမ်းသပ် ပစ်ခတ် ခဲ့ဖူးကြောင်း ဝန်ခံ ပြောဆိုခဲ့သည်။ ရဲတို့သည် ၎င်း၏ ကားထဲတွင် အပေါက်များ ရှိသည့် သစ်ပြား သုံးလေးချပ်ကို တွေ့ရှိခဲ့ပြီး ယင်းသံသယရှိသူက သစ်ပြားများကို စမ်းသပ် ပစ်ခတ်ရန်အတွက် အသုံးပြုခြင်း ဖြစ်သည်ဟု ပြောဆိုခဲ့သည်။