ကာတွန်းဖြင့် နိုင်ငံတကာအရေးပြော၊ ပါတီတိုက်ပွဲအောက်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ လွတ်လပ်မှုနှင့် တရားမျှတမှု မည်သို့ရှိနိုင်မည်နည်း

(GMT+08:00)2022-07-10 16:18:12  


နယူးယောက်၏ နှစ်တစ်ရာကြာတည်ရှိသော သေနတ်ထိန်းချုပ်ရေး ဥပဒေသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မကိုက်ညီတော့ကြောင်း စီရင်ဆုံးဖြတ်ခြင်း၊ Roe v. Wade အမှု ဆုံးဖြတ်ချက်ကို ဖြုတ်ချခြင်းနှင့် အမေရိကန် ပြည်ထောင်စုအစိုးရ၏ ရာသီဥတုပြောင်းလဲမှု ရင်ဆိုင်ဖြေရှင်းရေး အာဏာကို ကန့်သတ်ခြင်း စသည့် အမေရိကန် တရားရုံးချုပ်၏ မကြာခင် ရက်များအတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မကိုက်ညီသည့် ရှေးရိုးဆန်သော လုပ်ဆောင်မှု များသည်  လူထုယုံကြည်မှု အကျပ်အတည်းနှင့် ရင်ဆိုင်စေရသည်။ အဖျက်သဘော ဆောင်သော ပါတီတိုက်ပွဲများ ပြင်းထန်လာသည့်နှင့်အမျှ အမေရိကန်နိုင်ငံ၏ တရားရေး တရားမျှတမှု သည်လည်း ပြိုကျမည့် အန္တရာယ်ရှိနေပြီဖြစ်သည်။