ရှီးဇန့်(တိဘက်)ပြတိုက်သစ် လာဆာမြို့၌ ဖွင့်လှစ်ပြီ

(GMT+08:00)2022-07-10 15:54:00  


ရှီးဇန့်(တိဘက်)ပြတိုက်သစ်ကို ဇူလိုင်လ ၈ ရက်နေ့က တရုတ်နိုင်ငံ လာဆာမြို့၌ ဖွင့်လှစ်ခဲ့ပါသည်။ ပြတိုက်သစ်၏ အကျယ်အဝန်းမှာ ၆၅၀၄၇ စတုရန်းမီတာ ဖြစ်ပြီး နေ့စဉ် ပရိသတ် ၇၀၀၀ ခန့် ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။ ပြတိုက်သစ်တွင် စုစည်း ထိန်းသိမ်း သိုလှောင်ထားသော ရှေးဟောင်းယဉ်ကျေးမှုပစ္စည်း ၅ သိန်း ၂ သောင်းခန့် ရှိပြီး ယင်းတို့အနက် ၄ သောင်းကျော်သည် အဖိုးတန် ရှေးဟောင်းယဉ်ကျေးမှုပစ္စည်းများ ဖြစ်သည်။ လက်ရှိအချိန်တွင် ရှေးဟောင်းယဉ်ကျေးမှုပစ္စည်း ၂၇၀၀ ကျော်ကို ပြတိုက် သစ်တွင် ခင်းကျင်းပြသထားသည်ဟု China Media Group မှ သတင်းအရ သိရပါသည်။